ပါကင်ဆန်ရောဂါ (Parkinson's disease)

Health_knowledge20 Aug, 2025
ပါကင်ဆန်ရောဂါ (Parkinson's disease)

ဧပြီလ (၁၁) ရက်နေ့ဟာ ကမ္ဘာ့ပါကင်ဆန်ရောဂါနေ့ (𝗪𝗼𝗿𝗹𝗱 𝗣𝗮𝗿𝗸𝗶𝗻𝘀𝗼𝗻'𝘀 𝗗𝗶𝘀𝗲𝗮𝘀𝗲 𝗗𝗮𝘆) ဖြစ်ပါတယ်။ ဒီရောဂါနဲ့ပတ်သက်လို့ ပြည်သူလူထု ပိုပြီးသတိပြုမိစေဖို့၊ နားလည်သဘောပေါက်စေဖို့နဲ့ ပါကင်ဆန်ရောဂါ ခံစားနေရတဲ့လူနာတွေကို အားပေးကူညီပေးနိုင်ဖို့အတွက် ကမ္ဘာတစ်ဝန်းလုံးမှာ ကျင်းပပြုလုပ်တဲ့ နေ့ရက်အခမ်းအနားလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ပါကင်ဆန်ရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

ပါကင်ဆန်ဆိုတာ ဘာကိုပြောတာလဲ

👉 ပါကင်ဆန်‌‌ရောဂါဆိုတာ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုဖြစ်ကြောင်းကို ‌၁၈၁၇ ခုနှစ်မှာ ဆေးပညာအရ ပထမဆုံးဖော်ပြခဲ့တဲ့ ဗြိတိသျှလူမျိုး ဆရာဝန်ကြီး ဒေါက်တာ ဂျိမ်းစ်ပါကင်ဆန် (Dr. James Parkinson) ရဲ့ နာမည်ကိုအစွဲပြုပြီး ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့မွေးနေ့ ဧပြီလ (၁၁) ရက်နေ့ကို ကမ္ဘာ့ပါကင်ဆန်ရောဂါနေ့ဆိုပြီး အထိမ်းအမှတ်အဖြစ် သတ်မှတ်ခဲ့တာပါ။

ပါကင်ဆန်ရောဂါ ဆိုတာ

👉 ခြေတုန်လက်တုန်ရောဂါဆိုပြီး အများခေါ်နေကြတဲ့ ပါကင်ဆန်ရောဂါဆိုတာ ဦးနှောက်ထဲရှိ အာရုံကြောအစိတ်အပိုင်းတွေ တဖြည်းဖြည်း ပျက်စီးပြီးဖြစ်လာတဲ့ အာရုံကြောစနစ်ထိခိုက်တဲ့ နာတာရှည်ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။

ဘယ်သူတွေမှာ အဖြစ်များလဲ

👉 လူတိုင်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အသက် ၅၀ ကျော်နောက်ပိုင်း လူကြီးတွေမှာ အထူးသတိပြုသင့်တဲ့ အာရုံကြော‌ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။

ဘာ့ကြောင့်ဖြစ်လဲ

👉 ဖြစ်တဲ့အကြောင်းရင်းကို သေချာမသိရသေးပေမယ့် မျိုးရိုးဗီဇ နဲ့ ပတ်ဝန်းကျင်ရှိ အဆိပ်အတောက် သင့်တာတွေကြောင့် ဖြစ်ရတယ်လို့ သတ်မှတ်ထားပါတယ်။

ဘာလက္ခဏာတွေ ဖြစ်လာလဲ

👉 ဦးနှောက်နဲ့ အာရုံကြောစနစ် တဖြည်းဖြည်း ထိခိုက်ပျက်စီးသွားတဲ့အတွက် ဒီလက္ခဏာတွေ ခံစားလာရတာပဲ ဖြစ်ပါတယ်။

📌 လက်ချောင်းတွေနဲ့ ခြေလက်တွေ တုန်လာမယ်၊ ပိုဆိုးလာရင် ခေါင်းပါ တုန်လာမယ်

📌 လှုပ်ရှားမှုတွေတိုင်း နှေးကွေး‌လာမယ်

📌 တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေ တောင့်တင်းလာမယ်

📌 ခန္ဓာကိုယ်ကို ဟန်ချက်ညီညီ မထိန်းနိုင်ဘဲ ဒယီးဒယိုင် ဖြစ်လာမယ်

📌 စကားပြောတာ၊ စာရေးတာတွေမှာ ပုံမှန်မဟုတ်ဘဲ နှေးကွေးလာမယ်

ရောဂါဖြစ်လာရင် ဘာလုပ်ရမလဲ

👉 အသက် ၅၀ ကျော်လာပြီ၊ အပေါ်ကလက္ခဏာတွေ စတင်ခံစားရပြီဆိုတာနဲ့ ဆရာဝန်နဲ့ သွားရောက်တိုင်ပင် ပြသပေးပါ။

👉 ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ပါကင်ဆန်ရောဂါအတွက် ဆေးဝါးတွေကို သေချာသောက်သုံးပေးမယ်၊ အနေအထိုင် အစားအသောက် ပုံစံ (Lifestyle) ကို ပြုပြင်ပြောင်းလဲပေးမယ်ဆိုရင် Quality of Life လို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ ဘဝအရည်အသွေး ကောင်းမွန်ပြည့်စုံစွာ နေနိုင်ပါလိမ့်မယ်။

ဘာကို ကြိုတင်သတိပြုရမလဲ

👉 လေ့လာတွေ့ရှိချက်တွေအရ 𝗦𝘁𝗿𝗲𝘀𝘀 လို့ခေါ်တဲ့ စိတ်ဖိစီးမှုများခြင်းဟာ ပါကင်‌ဆန်‌ရောဂါ အခြေအနေ ဆိုးရွားတာကို ပိုပြီးမြန်ဆန်လာစေပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုများတာ၊ စိုးရိမ်ပူပန် သောကစိတ်များတာ၊ စိတ်ဓာတ်ကျဆင်းတာ ဒီလိုမျိုးကို အတတ်နိုင်ဆုံး ‌လျှော့ချပေးဖို့ အရေးကြီးပါတယ်။

⚠️ပါကင်ဆန်လူနာများ သတိပြုရန်⚠️

ပါကင်ဆန်ရောဂါအတွက် ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့သာ သောက်သုံးရတဲ့ဆေးတွေ (𝗟𝗲𝘃𝗼𝗱𝗼𝗽𝗮, 𝗖𝗮𝗿𝗯𝗶𝗱𝗼𝗽𝗮) ဟာ သွေးတွင်းမှာရှိတဲ့ 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗕𝟲 ‌ပမာဏကို လျော့နည်းစေနိုင်ပါတယ်။ ဒါကြောင့် အဆိုပါဆေးတွေကို သောက်သုံးတဲ့လူနာတွေမှာ ခြေဖျားလက်ဖျား ထုံကျဉ်ခံစားရတာမျိုးတွေ ဆက်စပ်မှုရှိကြောင်း လေ့လာတွေ့ရှိပါတယ်။ ဒါ့ကြောင့် ပါတဲ့ဆေးတစ်မျိုးမျိုးကို ပုံမှန်မှီဝဲဖို့ လိုအပ်ပါတယ်။

𝗬-𝗦𝗶 𝗕𝗡𝗖 အားဆေးက ပါကင်ဆန်‌ရောဂါအတွက် ဘယ်လိုအကျိုးပြုနိုင်လဲ

ဝိုင်စီ-ဘီအန်စီ ‌အားဆေးမှာ ⚡️ဗီတာမင် ဘီအုပ်စု (𝐁𝟏, 𝐁𝟐, 𝐁𝟑, 𝐁𝟓, 𝐁𝟔, 𝐁𝟏𝟐) နဲ့ ⚡️ဗီတာမင်စီတို့ ပေါင်းစပ်ပါဝင်ပါတယ်။

👉𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗖

ဗီတာမင်စီဟာ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဘေးထွက်ပစ္စည်း ဖရီးရယ်ဒီကယ် (𝗙𝗿𝗲𝗲 𝗿𝗮𝗱𝗶𝗰𝗮𝗹𝘀) တွေကို နည်းအောင်ပြုလုပ်ပေးနိုင်တဲ့ အစွမ်းထက်တဲ့ အင်တီအောက်စီဒင့် တစ်မျိုးပဲ ဖြစ်ပါတယ်။

ဖရီးရယ်ဒီကယ်တွေ များလာရင် ‌ဆဲလ်တွေထိခိုက်ခြင်း၊ ရောင်ရမ်းခြင်းများမှအစ ခန္ဓာကိုယ်အနှံ့အပြားမှာ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

လေ့လာစမ်းသပ်ချက်တွေအရ ပါကင်ဆန်ရောဂါ ခံစားနေရတဲ့သူတွေမှာ ဗီတာမင်စီ စားသုံး/သောက်သုံးမှုများရင် ပါကင်ဆန်ရောဂါရဲ့ လက္ခဏာတွေ သက်သာကောင်းမွန်လာတာကို ‌တွေ့ရှိရပါတယ်။

👉𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗕

ဗီတာမင် ဘီအုပ်စုဟာ မှတ်ဉာဏ်ကောင်းမွန်ဖို့နဲ့ အာရုံကြောကျန်းမာရေးအတွက် အရေးကြီးပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ ပါကင်ဆန်ရောဂါရှိသူတွေမှာ 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗕𝟲 နဲ့ 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗕𝟭𝟮 လျော့နည်း‌နေတဲ့အတွက် အဆိုပါ ဗီတာမင် ၂မျိုးကို ပြည့်မီအောင် သောက်သုံးပေးဖို့ လိုပါတယ်။

ဒါ့ကြောင့် ဝိုင်စီ-ဘီအန်စီ ‌အားဆေး (𝗬-𝗦𝗶 𝗕𝗡𝗖) ကို တစ်နေ့တစ်လုံး သောက်သုံးပေးရုံနဲ့

🔶 ဦးနှောက်နဲ့ အာရုံကြော ကျန်းမာစေဖို့အတွက် အထောက်အကူပြုခြင်း

🔶 စိတ်ဖိစီးမှုတွေကို လျော့နည်းသက်သာ‌စေတဲ့အပြင်

🔶 ပါကင်ဆန်‌ရောဂါလို အသက်ကြီးတာကြောင့်ဖြစ်လာတဲ့ နာတာရှည်အာရုံကြော ထိခိုက်ပျက်စီးတဲ့ရောဂါတွေ (𝗡𝗲𝘂𝗿𝗼𝗱𝗲𝗴𝗲𝗻𝗲𝗿𝗮𝘁𝗶𝘃𝗲 𝗱𝗶𝘀𝗼𝗿𝗱𝗲𝗿𝘀) ကို တစ်ဖက်တစ်လမ်းကနေ သက်သာစေဖို့အတွက် အကျိုးပြုစေနိုင်ကြောင်းကို ရေးသားတင်ဆက်လိုက်ပါတယ်။

𝗥𝗲𝗳𝗲𝗿𝗲𝗻𝗰𝗲

1."Can Stress Accelerate Progression of Parkinson’s Disease?" Neurology Reviews. 2017 June;25(6): 5.

2. Déry, C., Labrecque, G. and Bouchard, M., 2023. Oral Levodopa, Vitamin B6, and Polyneuropathy: A Case Series. Canadian Journal of Neurological Sciences, pp.1-2.

3. “What to know about supplements for Parkinson’s.” Medical News Today. Last medically reviewed on October 31, 2022.

#Y_SiBNC #VitaminB_Complex #VitaminC

#ဘီအန်စီ #အားဆေး #ခွန်အားပြည့်ဝ #ကိုယ်ခံအားကောင်း #လန်းဆန်းတက်ကြွ #စိတ်ဖိစီးမှုကင်းဝေး