ကိုယ်ဝန်ဆောင်တွေမှာ ပါရာစီတမောသောက်ရင် 𝗦𝗮𝗳𝗲 ဖြစ်ရဲ့လား❓
👉 ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ ခေါင်းကိုက်၊ ကိုယ်လက် နာကျင်ကိုက်ခဲ၊ ဖျားနာတဲ့အခါ သက်သာပျောက်ကင်းစေဖို့အတွက် ပါရာစီတမော သောက်ဆေးကို စိတ်ချစွာနဲ့ သောက်သုံးလို့ရပါတယ်။
👉 သောက်ရင်လဲ 𝗦𝗮𝗳𝗲 ဖြစ်ပါတယ်။
ဘာကြောင့်လဲ❓
၁၉၇၉ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဌာနရဲ့ ပြဌာန်းချက် 𝗙𝗗𝗔 𝗣𝗿𝗲𝗴𝗻𝗮𝗻𝗰𝘆 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆 မှာ ပါရာစီတမော သောက်ဆေးက အသုံးပြုလို့ရကြောင်း ဖော်ပြပေးထားတာကြောင့်ပဲ ဖြစ်ပါတယ်။
𝗣𝗿𝗲𝗴𝗻𝗮𝗻𝗰𝘆 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆 ဆိုတာ ကိုယ်ဝန်ဆောင်တွေမှာ ဆေးဝါးတွေကြောင့် သန္ဓေသားကို ထိခိုက်နိုင်တဲ့ ဆိုးကျိုးရှိ/မရှိ၊ အန္တရာယ်ရှိ/မရှိတို့ကို အကဲဖြတ်တဲ့အုပ်စုတွေဖြစ်ပြီး 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆 𝗔, 𝗕, 𝗖, 𝗗, 𝗫 ဆိုပြီး အုပ်စု ၅ ခု ခွဲခြားထားပါတယ်။
🔹 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆 𝗔: လုံးဝ Safe ဖြစ်တယ်
🔹 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆 𝗕: Safe ဖြစ်တယ်
🔸 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆 𝗖: ဆိုးကျိုးရှိတဲ့အတွက် လူအချို့မှာပဲ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သုံးနိုင်တယ်
🚫 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆 𝗗: အန္တရာယ်ရှိတယ်။၊ မသုံးရပါ။
🚫 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆 𝗫: လုံးဝအသုံးမပြုရပါ။
ပါရာစီတမော သောက်ဆေးဟာ 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆 𝗕 အုပ်စုမှာပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင်တွေမှာသောက်ရင် Safe ဖြစ်ပါကြောင်း ဖြေကြားလိုက်ပါတယ်။
အရည်အသွေးမြင့် ပါရာစီတမော ၅၀၀ မီလီဂရမ်တဲ့ 🔹𝗣𝗮𝗿𝗮𝘀𝗵𝗶𝗻 𝗢𝗿𝗶𝗴𝗶𝗻𝗮𝗹🔹 ဟာနာကျင်ကိုက်ခဲ၊ ဖျားနာခြင်းတွေကို ⚡️ အလျင်မြန်ဆုံးနဲ့ အထိရောက်ဆုံး သက်သာပျောက်ကင်းစေနိုင်ပါတယ်။
𝗥𝗲𝗳𝗲𝗿𝗲𝗻𝗰𝗲
---------------
📌FDA Pregnancy Drug Risk Categories: Mnemonic. Epomedicine; 2021 Mar 27.
📌Effects of Consuming Paracetamol During Pregnancy. EMC Healthcare; 2022 Mar 19.
#ပါရာစီတမော #ပါရာရှင်း_အော်ရီဂျင်နယ် #စိတ်ချရတဲ့ကိုယ်ပူကျအကိုက်အခဲပျောက်ဆေး #ဖျားနာပျောက်ကင်းပါရာရှင်း