‌ကလေးများတွင် အဖြစ်များသည့် ရေကျောက် (Chickenpox)

Health_knowledge19 Aug, 2025
‌ကလေးများတွင် အဖြစ်များသည့် ရေကျောက် (Chickenpox)

ရေကျောက် (𝗖𝗵𝗶𝗰𝗸𝗲𝗻𝗽𝗼𝘅) သည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ကူးစက်‌ရောဂါဖြစ်သည်။

အသက် ၄ နှစ်မှ ၁၀ နှစ်ကြား ကလေးငယ်များတွင် အများဆုံး ဖြစ်တတ်သည်။

ကလေးများတွင် ဖြစ်လေ့ဖြစ်ထရှိသောကြောင့် အလွန်အမင်း စိုးရိမ်စရာမလိုအပ်ပါ။

ကလေးမှာ ရေကျောက်ပေါက်နေရင် ဘာတွေလုပ်ရမလဲ❓❓

👉 ရေနွေး‌နွေးဖြင့် ရေချိုးပေးပါ (သို့) ရေနွေးစိမ်အဝတ်နှင့် ရေဖတ်တိုက်ပေးပါ။

👉 ကိုယ်ခံအားတက်စေရန်အတွက် အနားယူပါ။ အိပ်‌ရေးဝဝအိပ်ပါ။ အာဟာရပြည့်ဝအောင် စားသုံးပါ။ ‌ရေများများသောက်ပါ။

👉 အရည်ကြည်ဖုများမှာ ယားလွန်း၍ ကလေးမှာ ကုတ်မိတတ်ပါသည်။ အရည်ကြည်ဖုများ ‌ပေါက်ပြဲပြီး ပြည်တည်နာမဖြစ်အောင် ကာကွယ်ရန်အတွက် ကလေးကို လက်သည်းညှပ်ပေးပါ။ လက်သည်းထိပ် ချောမွေ့စေရန်အတွက် တံစဉ်းဖြင့် တိုက်ပေးပါ။

👉 အယားသက်သာစေရန်အတွက် အရည်ကြည်ဖုလေးများကို ကယ်လမင်း (Calamine) အရည်လိမ်းပေးပါ (သို့) အဝတ်သန့်ကို ရေနွေး‌တို့၍ သန့်စင်ပေးပါ။

👉 ပိုမိုယားယံပါက Antihistamine အယားပျောက်ဆေး တစ်မျိုးမျိုး (ဥပမာ - စီထရီဇင်း) တိုက်ပေးပါ။

👉 အဖျားရှိနေပါက ပါရာစီတမော အဖျားပျောက်ဆေးရည် တိုက်ပေးပါ။

👉 ရေကျောက်ဖြစ်နေသည့် ကလေး၏ အဝတ်အစားများကို ‌‌ရေနွေးပူပူဖြင့် သီးသန့်လျှော်ဖွပ်ပေးပါ။

👉 တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုပါ။ လက်ကို စနစ်တကျ ဆေးကြောပါ။

👉 လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်ပြသပါ။

#ကလေးအဖျားပျောက်ဆေးရည် #PARASHIN #ပါရာရှင်း #ဖျားနာပျောက်ကင်းပါရာရှင်း