ဖေဖော်ဝါရီလ ၄ ရက်နေ့သည် ကမ္ဘာ့ကင်ဆာရောဂါနေ့ (𝗪𝗼𝗿𝗹𝗱 𝗖𝗮𝗻𝗰𝗲𝗿 𝗗𝗮𝘆) ဖြစ်ပါသည်။
ပြည်သူလူထုများ ကင်ဆာရောဂါအပေါ် ပိုမိုသတိပြုမိစေရန်နှင့်
ကင်ဆာရောဂါကို 🛡ကာကွယ်ခြင်း၊ 🔬ရှာဖွေဖော်ထုတ်ခြင်းနှင့် 👩⚕️ ကုသခြင်းဆိုင်ရာ အသိပညာများ ဖြန့်ဝေရန်အတွက်
တစ်ကမ္ဘာလုံး ကျင်းပပြုလုပ်သည့် ကျန်းမာရေးဆိုင်ရာ နေ့ရက်တစ်ခုဖြစ်ပါသည်။
ကမ္ဘာ့ကင်ဆာရောဂါနေ့ အထိမ်းအမှတ်အဖြစ် ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အကြောင်းအချက်များကို ဝိုင်စီ-ဘီအန်စီ အားဆေး (𝗬-𝗦𝗶 𝗕𝗡𝗖) မှ ရေးသားမျှဝေ ဖော်ပြပေးလိုက်ပါသည်။
ဘယ်အရာတွေက ကင်ဆာရောဂါ ဖြစ်စေနိုင်သလဲ❓❓
အစားအသောက်
- အယ်လ်ကိုဟော ပါဝင်သည့် အရက်၊ ဘီယာများ
- တူးအောင်ကင်ထားသည့် အစားအစာများ
- မှိုတက်နေသည့် အစားအစာများ (ဥပမာ - ပေါင်မုန့်၊ လက်ဖက်၊ ငရုတ်သီးမှုန့်)
- တာရှည်ခံအောင် ပြုလုပ်ထားသည့် အစားအစာများ (ဥပမာ - စည်သွပ်ဘူး)
- သဘာဝမဟုတ်ဘဲ ပြုပြင်ပြောင်းလဲထားသည့် အစားအစာများ (ဥပမာ - ထုံချိုင်းကင်)
အလေ့အကျင့်
- အနီရောင်အသားများ အလွန်အကျွံ စားသုံးခြင်း
- ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စားသုံးမှု နည်းပါးခြင်း
- ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း
ရောဂါ
- ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူများ (အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး နှင့် သားအိမ်ခေါင်းကင်ဆာဖြစ်စေသည့် HPV ရောဂါပိုး)
သတိပြုရန်
- လေထုညစ်ညမ်းခြင်း (ဥပမာ - စက်ရုံ၊ ကားအိတ်ဇောတို့မှ ထုတ်လွှတ်သော မီးခိုးငွေ့၊ ဆေးလိပ်ငွေ့၊ ခြင်ဆေးခွေငွေ့၊ အမွှေးတိုင်ငွေ့)
- သီးပင်စားပင်များတွင် ဓာတုပိုးသတ်ဆေးများ အလွန်အကျွံ သုံးစွဲခြင်း
- အစားအသောက်များတွင် ခွင့်ပြုချက်မရရှိထားသည့် အရောင်ဆိုးဆေးများနှင့် တာရှည်ခံဆေးများ သုံးစွဲခြင်း
- ဓာတ်ရောင်ခြည်၊ ဆိုးဆေး၊ ကျောက်ဂွမ်း (𝐀𝐬𝐛𝐞𝐬𝐭𝐨𝐬) တို့နှင့် အမြဲတစေ ထိတွေ့လုပ်ကိုင်နေရခြင်း
ကင်ဆာရောဂါဘေးမှ ကင်းဝေးကြပါစေ 🙏
ကင်ဆာရောဂါ ခံစားနေရသူများ အမြန်ဆုံး သက်သာပျောက်ကင်းကြပါစေ 🙏
ကင်ဆာရောဂါကို အားလုံး စုပေါင်းကာကွယ် တိုက်ဖျက်ကြပါစို့ 🤜🤛
#Y_SiBNC #VitaminB_Complex #VitaminC
#ဘီအန်စီ #အားဆေး #ခွန်အားပြည့်ဝ #ကိုယ်ခံအားကောင်း #လန်းဆန်းတက်ကြွ #စိတ်ဖိစီးမှုကင်းဝေး